Architecting the invisible: creating a culture of innovation | Greg Horowitt | TEDxSanDiego



Translator: Myo Aung
Reviewer: sann tint ငယ်စဉ်တုန်းက ကျွန်တော့ကို
ဆရာတိုင်းဟာ ကြောက်လန့်နေခဲ့ကြရတယ်။ ကျွန်တော်ဟာ အငြိမ်မနေတတ်ခဲ့ပါ။ တခုခုကို ကြာအောင် အာရုံမစိုက်နိုင်ခဲ့ပါ၊ တချိန်လုံး တခုခု လုပ်နေခဲ့လို့ တတန်းလုံးကို
နှောင့်ယှက်နေခဲ့သူပါ။ အဲဒီလို ကလေးကို
ခက်တဲ့ ကလေးလို့ ခေါ်ကြပါတယ်၊ အသက်ကြီးလာတော့
စွန့်ဦးလုပ်ငန်းရှင်လို့ ခေါ်ကြတယ်။ (ရယ်မောသံများ) စွန့်ဦးလုပ်ငန်းရှင် နဲ့
စွန့်စားရတဲ့ ရင်းနှီးမြှုပ်နှံသူ အခုတော့ ကျွန်တော်ဟာ တီထွင်ဆန်းသစ်မှုကို
လေ့လာသူ၊ ဂေဟာစနစ်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို
လေ့လာသူ ဖြစ်လာဖို့ ကျွန်တော် သွားရမယ့် ခရီးလမ်းဟာ ဒီလို ကွေ့ပတ်နေခဲ့မှာကို ငယ်တုန်းက
မသိခဲ့ပါ။ ကျွန်တော့ ဘဝခရီးထဲမှာ ကျွန်တော်ဟာ
အဖြေသိလိုခဲ့တဲ့ မေးခွန်း ရှိခဲ့တယ်။ တီထွင်ဆန်းသစ်မှုဆိုင်ရာ
ရှိသမျှ စာအုပ်တွေကို ဖတ်နေခဲ့တယ်။ ဒီနေ့မယ် Amazon ကို သွားကြည့်မယ်ဆိုရင် စီးပွားရေး လုပ်ငန်းအကြောင်း စာအုပ်
မှန်သမျှထဲမှာ တီထွင်ဆန်းသစ်မှုဟာ အဓိက အကြောင်းရင်းဖြစ်မယ် ဒါမှမဟုတ်
ခေါင်းစဉ် ပါတာမျိုး သေချာပါတယ်။ ကျွန်တော်တို့က တီထွင်ဆန်းသစ်မှုကို
ဒီလောက်ကြာ လေ့လာနေခဲ့ကြတယ်၊ အဲဒီအကြောင်းကို လေ့လာခဲ့ကြကာ
ရေးလာခဲ့ကြတာတောင် အဲဒါကို အခုထက်ထိကို မိမိရရ မဖမ်းမိသေးတာလဲ? တီထွင်ဆန်းသစ်မှုဟာ ဘာဖြစ်လို့
ဒီလောက် ခဲယဉ်းလှတာလဲ? ပြီးတော့၊ တီထွင်ဆန်းသစ်မှုက ဘာလဲဆိုတာကို
ကျွန်တော်တို့ တကယ် နားလည်လာပြီဆိုရင်၊ အဲဒါကို တိုးတိုးရုပ်လုံးဖေါ်ဖို့
ဘယ်လို လုပ်ကြမလဲ? ကျွန်တော်တို့က တီထွင်ဆန်းသစ်မှုကို
နားလည်လာတောင် အဲဒီလို အသိပညာကို ရုပ်လုံးဖေါ်တဲ့အခါမှာ
ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ? ဆိုလိုရင်းက၊ ဘယ်လိုလုပ်ရမယ်
ဆိုတဲ့ အသိတရားနဲ့ အဲဒါကို လက်တွေ့ လုပ်ဖြစ်မှု အကြားမှာ
ဘာဖြစ်လို့ ကွာဟချက် ရှိနေတာလဲ? မိတ်ဆွေ တယောက် ပေးတဲ့
စာအုပ်ကို ဖတ်ကြည့်ခဲ့ရာ၊ အမည်က၊ "The knowing-doing gap" တဲ့။ Pfeffer နဲ့ Sutton တို့ရဲ့ အဲဒီစာအုပ်က
အားလုံးကို ရှင်းလင်းပေးလိုက်တယ်။ ဘယ်လိုလုပ်ရမယ် ဆိုတဲ့ အသိတရားက
ဒီမှာ ရှိတာပါ။ လုပ်ကိုင်မှုက ကျွန်တော်တို့ လက်ချောင်း
အဖျားမှာရှိပေမဲ့၊ မျဉ်းဖြောင့်မဟုတ်ပါ။ တကယ်တမ်းမှာ၊ အဲဒါဟာ ခံစားမှု
ဗဟိုချက်တွေကို ဖြတ်သွားတဲ့ ပတ်လည်လမ်းပါ။ လူသားဖြစ်ကြတဲ့ ကျွန်တော်တို့ဟာ
စိတ်ခံစားမှု ရှိကြပါတယ်။ စာနာစိတ်များ နဲ့ လူသားစိတ်များဖြင့်
တဦးနဲ့တဦး ချိတ်ဆက်လျက် ရှိနေကြပါတယ်။ အဲဒီအချက်ကမှ ကျွန်တော်တို့အား
ကျွန်တော်တို့ရဲ့ စွမ်းပကားတွေနဲ့ လိုက်ဘက်ညီအောင်
လက်တွေ့ နေထိုင်လာစေတာပါ။ ကျွန်တော်တို့ဟာ အစဉ်အလာ မျဉ်းဖြောင့်ပုံစံ
ထုတ်လုပ်မှုထဲမှာရော အသိပညာ နဲ့ ဖန်တီးဆန်းသစ်မှု
လုပ်ငန်းများထဲမှာပါ စီးပွားရေး လုပ်ငန်းရဲ့ ပြုမူမှုကို ပြပေးရန်
ဒီပုံစံကို တီထွင်ခဲ့ကြတာပါ။ အဲဒီအကြောင်းကို ကျွန်တော်ဟာ
ဒီနေ့ နဲနဲလေး မျှဝေပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ သုတေသနထဲမှာ ၁၉ နဲ့ ၂၀ ရာစုများထဲမှာ စိုက်ပျိုးရေး နဲ့
စက်မှု စီးပွားရေးများထဲမှာ မြင်ခဲ့ကြရတဲ့ မျဉ်းဖြောင့်ပုံစံ စိုက်ပျိုးရေး
ထုတ်လုပ်မှု စနစ်များကို ဖေါ်ပြခဲ့ကြပါတယ်။ ၎င်းတို့ဟာ ရှားပါးမှုဆိုတာကို
အခြေခံတဲ့ ပုံစံများပါ။ ကျွန်တော်ဆီမှာ လုပ်ကိုင်စရာ အရင်းအမြစ်တွေက
ဒီလောက်ပဲ ရှိတယ်၊ ကောင်းတဲ့ လယ်မြေ၊ ရေ၊ မြေဆီလွှာ၊
လူတွေ ဒီလောက်ပဲ ရှိတယ်။ အဲဒီလို ရင်းမြစ်များကို သိပ်ကို
ထိရောက်စွာ ခွဲဝေသုံးဖို့ လိုတယ်၊ လေလွင့်မှုဟာ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှု၊
ထိရောက်မှု နဲ့ ရလဒ်ကို လျော့နည်းစေတယ်။ အဲဒီပုံစံတွေဟာ သိပ်ကို သန့်စင်ခဲ့ကြကာ
ထိရောက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ရဲ့ အသိပညာအားလုံးကို ကျွန်တော်တို့ရဲ့ လုပ်ရိုးလုပ်စဉ်တွေကို
ကိုင်တွယ်စီမံပေးဖို့ သုံးခဲ့ကြပါတယ်။ ၎င်းတို့ဟာ သူ့နည်းသူဟန်နဲ့
အံ့အားသင့်စရာတွေပါပဲ။ ဘာလုပ်သင့်တယ် ဆိုတာကို ကျွန်တော်တို့
သိတယ်လို့ ထင်ခဲ့ကြတယ်၊ ဒါပေမဲ့ စီမံမထားတဲ့
ဘယ်လို ရလဒ်မျိုးကိုမှ ခွင့်မပြုခဲ့ပါ။ စိုက်ခင်းထဲမှာ ပေါင်းပင် ပေါက်လာရင်
ကျွန်တော်တို့ မျှော်လင့်နေတဲ့ ရင်းမြစ်တွေရဲ့ ပြိုင်ဘက်မို့လို့
ကျွန်တော်တို့ နှုတ်ပစ်ကြပါမယ်။ ထုတ်လုပ်မှု လိုင်းကို
မော်တော်ကား ထုတ်လုပ်ရေးမှအစ စစ်တပ် စက်မှုလုပ်ငန်းတွေအဆုံး၊ ထပ်ပြီးရင် ထပ်ပြီး လုပ်ကိုင်ခဲ့ကြတာကို
မြင်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ဒီနေ့တွင် ချီပ်တွေကို
ထုတ်လုပ်ပုံဟာလည်း ထပ်တူပါပဲ။ ရင်းမြစ်တွေ အနည်းဆုံး လေလွင့်စေဖို့ကို၊
ထုတ်လုပ်မှု မြင့်မားဖို့ အားထုတ်ကြပါတယ်။ ကျွန်တော်တို့ဟာ လိုက်ဖက်ပေမဲ့
တချိန်တည်းမှာ ပြိုင်ဆိုင်လာတဲ့ ပုံစံကိုပါ၊ ခုနက ပြောခဲ့တာကို ဆန့်ကျင် လုပ်ခဲ့တာကိုလည်း
တွေ့ခဲ့ကြရပါတယ်။ ပထမ ပုံစံအတွက် မန္တရားက၊ "အများတွေကို
မလုပ်မိစေနဲ့" ဖြစ်ခဲ့တယ်။ ပုံစံအသစ်ထဲမှာကျတော့၊ လုံးဝတမျိုး
ဖြစ်ပျက်နေပါတယ်။ ကျွန်တော်တို့က
အသိပညာ ဖန်တီးရေး ပုံစံလို့ ခေါ်ပါတယ်။ အမြဲစိမ်းသစ်တောလို့လည်း ခေါ်ပါသေးတယ်။ အမြဲစိမ်းသစ်တော ကျတော့ ရှားပါးမှုထက်
လျှံပယ်မှုကို အခြေခံပါတယ်။ ကျွန်တော် နဲ့ ခင်ဗျား ကော်ဖီသောက်ရင်း
စိတ်ကူးတခုစီကို မျှခဲ့ကြရင်၊ ကျွန်တော်တို့ လူတိုင်းဆီမှာ
စိတ်ကူး နှစ်ခု ရှိလာမယ်။ အုပ်စုအလိုက် စိတ်ကူးတွေကို မျှဝေကြမယ်
ဆိုရင်၊ စိတ်ကူးတွေ တပုံကြီး ရှိလာကြမယ်။ လက်တွေ့တွင်၊ အပြန်အလှန် ထိတွေ့ကြပြီး
ကျွန်တော်တို့ အတူတူ ရှိနေကြမယ်ဆိုရင် ကျွန်တော်တို့ လုပ်ကိုင်နိုင်ကြမယ့်
စွမ်းပကားဟာ မကုန်ခမ်းနိုင်ပါ။ အဲဒါဟာ ရင်းမြစ်တွေကို သုံးစွဲရင်းနဲ့
ကုန်ဆုံးသွားတတ်ခဲ့လို့ ရှားပါးမှုကို အခြေခံတဲ့ စိတ်ထားကို
ပြဌာန်းပေးခဲ့တဲ့ စိုက်ပျိုးရေး ပုံစံထဲမှာ ဖြစ်ခဲ့တာနဲ့
လုံးဝကို ဆန့်ကျင်နေပါတယ်။ Matt Ridley က သူ့စာအုပ်၊
"The rational optimist"ထဲမှာ၊ "ဆန်းသစ်တီထွင်မှု ဆိုတာဟာ စိတ်ကူးတွေရဲ့
ကာမစပ်ယှက်မှုပါ" လို့ ဆိုထားပါတယ်။ အဲဒါက ကျွန်တော့ကို
မျက်စိဖွင့်ပေးလိုက်တယ်။ အဲဒါကို ကျွန်တော် ကြားလိုက်တာနဲ့ ကျွန်တော့
အလုပ်က ဘာလဲဆိုတာ တိကျစွာ သိလိုက်ရတယ်။ ဒီမှာ ကျွန်တော် ရပ်နေတာ အဲဒီလို လက်လွတ်စပယ်
စိတ်ကူးတွေကို မြှင့်တင်ပေးဖို့ အတွက်ပါ။ (ရယ်မောသံများ) ဆန်းသစ်တီထွင်မှုတွေရဲ့ ပြည့်တန်ဆာအိမ်ကို
ဆောက်လုပ်ဖို့ပါ၊ ခင်ဗျားတို့ကို လက်တွဲ ပါဝင်စေလိုတယ်။ အဲဒီလို ပြည့်တန်ဆာအိမ်တွေကို
အမြဲစိမ်းတောလို့ ခေါ်ပါတယ်။ စိုက်ပျိုးမှုရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့
အမြဲစိမ်းတောကို ကြည့်ကြမယ်ဆိုရင်၊ ကျွန်တော်တို့ ကြည့်သင့်တာက ဘာများလဲ
ဆိုတာကို မသေချာကြပါ။ ၎င်းဟာ စိုပြေနေတယ်၊ ထူထပ်တယ်၊
စိမ်းလန်းနေကာ လှတယ်။ ခင်ဗျားတို့ ယုံယုံမယုံယုံ၊ အမြဲစိမ်းတောထဲမှာ အရေးကြီးဆုံး အရာက
ခင်ဗျားတို့ ရပ်နေတဲ့ ပေါင်းပင်ပဲ။ ၎င်းတို့ဟာ Googles နဲ့ Facebooks ပါပဲ။ အဲဒီလို အရာတွေဟာ၊
ပထမ အကြိမ်မှာ မြင်တွေ့လိုက်ရရင် အဲဒီမှာ မရှိအပ်တဲ့ အရာတွေလို ထင်ရပါတယ်။ စီးပွားရေး လုပ်ငန်းတွေသာ ထူးဆန်းနေကြရုံမက၊
လူတွေဟာလည်း ပိုလို့ကို ဆန်းနေကြပါတယ်။ (ရယ်မောသံများ) ခင်ဗျားတို့ဟာ ဟောဟိုပုံထဲမှာ အသက်ငယ်တဲ့
Bill Gates နဲ့ Paul Allen ကို တွေ့နိုင်တယ်။ အဲဒီ လူငယ်တွေဟာ ခင်ဗျားဆီကို လာခဲ့မယ်ဆိုရင်
အနာဂတ် ခေါင်းဆောင်တွေ ဖြစ်လာကြမယ် ဆိုတာ
ခင်ဗျားတို့ သိနိုင်ခဲ့မလား? စီးပွားရေး ပုံစံ အသစ်ထဲမှာ ခေါင်းဆောင်တွေ
ဘယ်လိုပုံမျိုး ရှိနိုင်ကြလဲ? အဲဒီထဲမှာမှ ဆန်းသစ်တီထွင်မှုရဲ့
နားလည်မရတဲ့ အချက် ရှိနေပါတယ်။ ဆန်းသစ်တီထွင်မှုဟာ မျိုးရိုးဗီဇအမှားရဲ့
လူမှုရေးရလဒ်မျိုးနဲ့ ဆင်တူပါတယ်။ ၎င်းဟာ အဲဒီမှာ မရှိအပ်ပါဘူး။ ၎င်းဟာ ၎င်းအနေနဲ့ ကူပေးရမှာ ဖြစ်တဲ့
စံနမူနာကိုမှ ခြိမ်းခြောက်နေပါတယ်။ ဆန်းသစ်မှုဆိုတာ အတုယူလုပ်ကိုင်လာကြမှသာ
အသိအမှတ်ပြုမှုကို ရရှိတတ်တယ်။ လက်တွေ့ မြင်ရမှသာ ကျွန်တော်တို့
အကဲခတ်နိုင်ကြတယ်ဆိုတော့ ဆန်းသစ်တီထွင်မှု ဆိုတာ လက်တွေ့
ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မလဲ? ပါရဂူတွေဟာ ဆန်းသစ်တီထွင်မှုကို နားလည်ဖို့
အားထုတ်လာကြတာ နှစ်ပေါင်း မနည်းတော့ပါဘူး။ ပြီးတော့ ပါရဂူတွေဟာ အမြဲလိုလို
မှားကြပါသေးတယ်။ တယ်လီဖုန်း တီထွင်မှုလား၊ လေယာဉ်ပျံလား၊ ဒါမှမဟုတ် လက်ရှိ ကွန်ပျူတာတွေလား၊ ထိုစဉ်တုန်းက အကောင်းဆုံး ပါရဂူတွေတောင်
အဲဒါတွေကို အသိအမှတ် မပြုနိုင်ခဲ့ကြပါ၊ လက်ရှိ အသိပညာတွေက စံနမူနာ ဘောင်
အသစ်ပြောင်းမှာကို အသင့်မရှိခဲ့ကြလို့ပါ။. ကမ္ဘာကြီးရဲ့ အကြီးဆုံး ပြဿနာတွေကို
ဖြေရှင်းရာတွင် စိတ်ကူးယဉ်နိုင်မှုကမှ အရေးကြီးဆုံးပါ။ မကြာခဏဆိုသလို၊ ပြဿနာတွေကို
ဖြေရှင်းဖို့ နဲ့ တီထွင်မှုအသစ် ဖန်တီးဖို့ လိုအပ်တဲ့ ကိရိယာတွေ မရှိကြသေးပါ။ အဲဒါကြောင့် ဆန်းသစ်တီထွင်မှုဟာ
စမ်းသပ်မှုတွေ၊ ထပ်တလည်လည် လုပ်ကိုင်မှုတွေ၊ အရေးကြီးဆုံးက
ဆင့်ကဲလုပ်ကိုင်မှုကို လိုအပ်တာပါ။ ပထမ ပုံစံအတွက် မန္တရားမှာ၊
"အမှားတွေကို မလုပ်မိစေနဲ့" ဖြစ်ခဲ့တယ်။ အမှား မလုပ်မိရင် ဆုလာဘ် ရရှိမှာပါ။ လက်ရှိ ပုံစံသစ်ထဲမှာ ကျတော့
ခင်ဗျားဟာ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ သင်ယူမှာကို၊ လာပြီးလက်တွဲလျက် အကြီးမားဆုံး ပြဿနာတွေကို
ဖြေရှင်းမှာကို ဆုလာဘ် ချီးမြှင့်ပေးမှာပါ။ ကျွန်တော်ဟာ ဘယ်တုန်းကမှ မကျဆုံးခဲ့ဘူးလို့
Edison ပြောလေ့ ရှိခဲ့ပါတယ်။ သူဟာ တခုခုကို မလုပ်မိဖို့ နည်းလမ်း
၁၀၀၀၀ ကိုရှာနိုင်ခဲ့လို့ပါ။ အဲဒါဟာ အသိပညာတွေထဲမှာ ရှိနေပါတယ်။ ကျွန်တော်ဟာ အဲဒီပြောကြားချက်ကိ အတော်လး
စဉ်းစားမိတာကို ယုံကြည်စေလိုပါတယ်။ ဆန်းသစ်တီထွင်မှုတိုင်းဟာ
လူသားကို ဗဟိုပြုပါတယ်။ အဲဒါဟာ တခုခုကို ကိုယ့်စိတ်ဆန္ဒမပါဘဲနဲ့
လုပ်ဆောင်မှု သဘောမျိုးပါ။ အဲဒါကလည်း ကျွန်တော် ဆွေးနွေးနေတာနဲ့
ဆက်စပ်နေပါတယ်။ လူသားတွေဟာ ကိုယ့်စိတ်ကူးကို
လှမ်းမျှော်နိုင်သူ၊ အနာဂတ်ကို စဉ်းစားနိုင်သူ၊ ပုံစံကို ရေးဆွဲလျက်
ပြုမူမှုကို ပြောင်းနိုင်တဲ့ သတ္တဝါပါ။ ဦးနှောက်နဲ့ စဉ်းစားကြည့်ရင်၊ ကျွန်တော်တို့ဟာ
ထီကို ဝယ်စရာ အကြောင်း မရှိနိုင်ပါ။ ဒါပေမဲ့၊ ထီလက်မှတ်ကို ဝယ်လိုက်တာနဲ့၊
တခုခု ဖြစ်လာတတ်တယ်။ တက်ယ့်ကို ပျော်ရွှင်သလို ခံစားလာရတယ်။ အနာဂတ်မှာ ဘယ်လို ဖြစ်လာမယ် ဆိုတာကို အသိစိတ်ကို ဖန်တီးလို့
အဲဒီလို စိတ်ထဲ ပျော်လာတာပါ။ ကျွန်တော်တို့ ဝယ်ကြမယ့် ကားအကြောင်း၊
အလုပ်မှ ထွက်နိုင်မယ့်အကြောင်း၊ ပြီးတော့ ပိုကောင်းတဲ့ အိမ်ဆီ
ပြောင်းနိုင်မယ် စသဖြင့် စဉ်းစားကြပါတယ်။ အဲဒီလို အချိန်ကာလမျိုးမှာ ကျွန်တော်တို့
သိပ်ကို ပျော်ကြပါတယ်။ အဲဒီလို ခံစားမှုကပဲ ကျွန်တော်တို့ကို
တခုခု မလုပ်ဖို့လဲ ဟန့်တားနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အစိုးရလား၊ ကုမ္ပဏီကြီးလား၊
ရပ်ကွက်အဖွဲ့အစည်းလား၊ ရယူဖို့ ကြိုးစားလိုတဲ့ ရလဒ်တွေကို
ခန့်မှန်းလိုကြပါတယ်။ ကျွန်တော်တို့ အလုပ်တွေ တိုးပြီး လိုချင်တယ်။
ကြီးပွားချင်တယ်။ အခွန်တွေ တိုးပရစေလိုကြတယ်။ အဲဒါတွေ ကျွန်တော်တို့နဲ့ ဘာဆိုင်လို့လဲ? စက်မှု ပန်းခြံကြီးတွေ၊ စွန့်စားလုပ်ကိုင်ရေး
ရန်ပုံငွေ အကြောင်း ပြောဆိုကြပါတယ်။ အဲဒါတွေဆီကို ကျွန်တော်တို့ အာရုံစိုက်နေတယ်။
ဒါပေမဲ့ အဲဒါဟာ တကယ်ဖြစ်လာမှာ စိတ်မချရပါ။ တကယ်တော့၊ ကမ္ဘာ့နေရာ အသီးသီးမှနေပြီး
ဒီ San Diego ကို လာခဲ့ကြတာပါ၊ San Diego ထဲက Silicon Valley၊
Boston နဲ့ Israel မှ ပုံစံကို လေ့လာဖို့ပါ၊ အဲဒီက သင်ခန်းစာတွေကို
ကိုယ်နဲ့အတူ ယူသွားဖို့ပါ။ အဲဒါတွေကို သူတို့က လက်တွေ့ သုံးဖို့
စမ်းကြည့်တော့ ဖြစ်မလာဘူး၊ ဘာဖြစ်လို့လဲ ဆိုတာကို နားမလည်ကြဘူး။ အဲဒါဟာ တနေရာမှာ လုပ်ဖြစ်ခဲ့ပေမဲ့
ဒီပြင်တနေရာမှာ ဘာဖြစ်လို့ ဖြစ်မလာတာလဲ? အကြောင်းရင်းက၊ လုပ်ဆောင်ချက်တွေဟာ
အပြုအမူတွေရဲ့ ရလဒ်ဖြစ်တာကို၊ စိတ်ထား နဲ့ စေ့ဆော်ချက်တွေရဲ့ ရလဒ်ဖြစ်တာကို
ကျွန်တော်တို့ တွေ့လာတယ်။ နောက်ဆုံးမှာတော့ ၎င်းတို့ဟာ ကျွန်ုပ်တို့
ယုံကြည့်ချက်တွေရဲ့ ရလဒ်ပါ။ ကျွန်တော် လေ့လာတွေ့ရှိတာက၊ Silicon Valley၊ Boston နဲ့ Israel
လိုနေရာတွေကို သွားလေ့လာတဲ့ အခါမှာ အဲဒီမှာ ယုံကြည်ချက် စနစ်တွေ
အသီးသီး ရှိတာကို တွေ့မြင်ရပါတယ်၊ လူတွေဟာ နံနက်မှာ နှိုးလာတိုင်း
ယုံကြည်ချက်တွေ လုပ်ဆောင်ချက်တွေ ရှိကြတယ်။ သိပ်ကို ခိုင်မာတဲ့ ယုံကြည်ချက်တွေ
ရှိရင် တသမတ်တည်း လုပ်ကိုင်နေမှာကို ယုံကြပါ။ အဲဒီဆီကိုမှ ကျွန်တော်တို့
အာရုံစိုက်ကြရမှာပါ။ ကျွန်တော်တို့ လေ့လာခဲ့တဲ့ ကိစ္စတခုမှာ
Apple ရဲ့ ဘာသာကိုးကွယ်မှု ပါပဲ။ Steve Jobs ဟာ ကမ္ဘာပေါ်က
လူတိုင်းကို၊ လစာမပေးဘဲနဲ့၊ သူ့လုပ်သားတွေလို ပြုမူအောင်
လုပ်နိုင်ခဲ့တာလဲ? ကျွန်တော်တို့ အားလုံးဟာ Apple
ထုတ်ကုန်တွေကို ပိုင်ဆိုင်လိုချင်စိတ်ဟာ ဘာသာကိုးကွယ်မှု အသွင်ကို ဆောင်နေလို့
ကုမ္ပဏီတိုင်း မနာလိုဖြစ်ကြတယ်။ လူတွေဟာ သူတို့ရဲ့ Microsoft ထုတ်ကုန်တွေကို
ကြိုက်ကြကာ Motorola ဖုန်းကို မြတ်နိုးကြတယ်။ ၎င်းတို့ကို သုံးကြတယ်။ ၎င်းတို့ဟာ နည်းပညာတွေထဲက
အထွတ်အထိပ်တွေနဲ့ တူကြပါတယ်။ Steve Jobs ဟာ ထုတ်ကုန်တိုင်းထဲမှာ
မေတ္တာတရား နဲ့ ခံစားချက်တွေကို ထည့်သွင်းမြှုပ်ပေးတဲ့
နည်းကို ရှာတွေ့နိုင်ခဲ့တယ်။ တုံ့ပြန်လျက် ပြည်သူတို့ဟာ
သူ့ကို ဆုလာဘ် ပြန်ပေးကြတယ်၊ သူတို့ရဲ့ သစ္စာရှိမှုနဲ့ ဆက်တိုက်
အားပေးမှုနဲ့ တုံ့ပြန်ကြတယ်။ အဲဒီလို ယုံကြည့်မှု စနစ်တွေကို လက်တွေ့မှာ
ဘယ်လိုလုပ် ဖန်တီးနိုင်တာလဲ? ကျွန်တော်တို့ဟာ ကိုယ့်ယုံကြည်မှု စနစ်ရဲ့
မောင်းနှင်အားကို သိနားလည်ရန် လိုတယ်။ ဒေသတချို့နဲ့ အလုပ်လုပ်ကြတဲ့ အခါမှာ
မကြာခဏ ကျွန်တော်တို့ မေးကြတာက၊ "နောက်ပြန်ဆွဲနေတာ ဒါမှမဟုတ်
ခင်ဗျားတို့ မအောင်မြင်ရခြင်းရဲ့ အဓိက အကြောင်းက ဘာလဲလို့ ထင်သလဲ?" သူတို့က၊"ကျွန်တော်တို့ အရဲမစွ့န်ချင်ကြဘူး၊
ကျရှုံးမှာကို မလိုချင်ဘူး။ ကျွန်တော်တို့ဟာ မရေရာတဲ့ အရာတွေ၊
မရှင်းလင်းတာတွေကို မကြိုက်ကြဘူး။" ကျွန်တော်တို့က၊ "ဘသူမှာမှ အဲဒီလို
ဘယ်လိုချင်ကြပါ့မလဲ။" စွန့်ဦးလုပ်ငန်းရှင်တွေဟာ မွေးရာပါ
အရဲစွန့် လုပ်ကိုင်လိုကြသူတွေ မဟုတ်ကြပါ။ အခွင့်အလမ်းတွေကို ရှာကြံနေကြသူတွေပါ။ ကြုံလာမယ့် အန္တရာယ်တွေကို ပိုကောင်းမွန်စွာ
ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်သူတွေပါ။ ကြောက်စိတ်ဟာ အရေးကြီးဆုံး
ခံစားစိတ် မဟုတ်ပါ။ အရေးကြီးတာက မျှော်လင့်ချက်ပါ။ ခင်ဗျားတို့ ထီလက်မှတ်ကို ဝယ်လိုက်ချိန်မှာ၊
ကမ္ဘာကြီးကို ပြောင်းနိုင်မယ့် ယုံကြည်မှုက – ခင်ဗျားတို့ကို ပြောင်းလဲလိုက်တာပါ – အဲဒီလို တဒဂင်္မှာ ခင်ဗျားတို့ရဲ့
အနာဂတ် တမျိုးကို ဖန်တီးလာနိုင်ပါပြီ။ ဆင်ခြင်မှု နဲ့ ခံစားမှုကို ပေါင်းလိုက်ရင်
ယုံကြည်ချက်ဖြစ်လာတာ တွေ့ရှိခဲ့တယ်။ မတူတဲ့ စိတ်ကူးစိတ်ထား ရှိရုံနဲ့
မလုံလောက်သေးပါ။ ခင်ဗျားတို့ဆီမှာ နှလုံးကိုပါ တမျိုးတဖုံ
သတ်မှတ်ပေးဖို့ လိုပါသေးတယ်။ အဲဒီနှစ်ချက် ပေါင်းစည်းမိမှ ဆန်းသစ်
တီထွင်မှုကို မောင်းနှင်ပေးနိုင်မှာပါ။ နိဂုံးအနေနဲ့၊ ခင်ဗျားတို့ကို စီးပွားရေး
ပညာရှင်တွေလို မစဉ်းစားစေလိုပါဘူး။ ခင်ဗျားတို့ဟာ စိတ်ပညာရှင်တွေလို
တွေးခေါ်စေလိုပါတယ်။ ခင်ဗျားတို့ဟာ စိတ်ပညာရှင်တွေလို
စဉ်းစားလာနိုင်ရင်၊ လူတွေဟာ သူတို့ လုပ်ကိုင်နေတာထဲကို
စိတ်လိုက်မာန်ပါ ပါဝင်လာနိုင်ကြလို့ပါ။ Maya Angelou ပြောခဲ့သလို၊ "လူတွေဟာ ခင်ဗျား
ပြောလိုက်တာ၊ လုပ်လိုက်တာရဲ့ နောက်မှာ အကြာကြီး မှတ်မိနေကြမှာက ခင်ဗျားက လုပ်ပေး
လိုက်တဲ့ သူတို့စိတ်ထဲက ခံစားချက်ကိုပါ။" စကားကြုံလာလို့၊ "ဘောင်အပြင်မှာ
စဉ်းစားမှု" ဆိုတာက ဘောင်ရဲ့ အပြင်မှာ စဉ်းစားနေခြင်းကို
ဆိုလိုတာ မဟုတ်ဘဲ ပထမဦးဆုံး အနေနဲ့ ဘောင်ရယ်လို့
မရှိဘူးဆိုတာကို နားလည်ရန်လိုတယ်။ အဲဒါကြောင့်မို့လို့ စွန့်ဦးလုပ်ငန်းရှင်တွေ
အောင်မြင်နိုင်ကြတာပါ။ တကမ္ဘာလုံးမှာ ကျွန်တော်တို့က ဖန်တီးဖို့
အားထုတ်နေကြတဲ့ အမြဲစိမ်းတောတွေဟာ စည်းကမ်းချက်တွေ အိပ်မက်တွေကို
ရိုက်ချိုးပစ်ဖို့အတွက်ပါ။ စွန့်ဦးလုပ်ငန်းရှင်တွေဟာ နဲနဲလေး ဆိုးသူတွေပါ။
ကျွန်တော်ဆိုရင် အခုထက်ထိ ဆိုးတုန်းပါပဲ။ ကျွန်တော်ဟာ စည်းကမ်ချက်တွေကို
ကွေးချိုးချင်တုန်းပါပဲ။ ကျွန်တော့ အကြိုက်ဆုံးက နံပါတ် ငါးပါ၊
အကျိုးအမြတ် မဟုတ်ဘဲ တရားမျှတမှုကို ရှာရန်ပါ။ ကျွန်တော်တို့ အားလုံးဟာ ဒီထဲမှာ
မိတ်ဖက်တွေပါ။ အနာဂတ်မှာ ဘယ်လို ဖြစ်လာမှာကို
ကျွန်တော်တို့ မသိကြပါ၊ ဒါပေမဲ့ ကျွန်တော်တို့ဟာ
လက်တွဲ ချီတက်ကြရမှာပါ။ နိဂုံးအနေနဲ့၊ စနစ်တကျ မဟုတ်ရင်
ဘာတခုမှ ရပ်တည်နိုင်မှာ မဟုတ်ပါ။ ဒါပေမဲ့ တချိန်တည်းမှာ၊ ပရမ်းပတာ မဖြစ်ဘဲနဲ့
ဘာတခုမှ ဆင့်ကဲတိုးတက်မလာနိုင်ပါ။ လူတိုင်းအတွက် ကျွန်တော့ အကြံပေးချင်တာက အဲဒီဆီကို သွားပြီး နဲနဲလေး ပရမ်းပတာ
ဖြစ်အောင် လုပ်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။ (လက်ခုပ်သံများ)

6 Comments

  1. Jay Tapia R. said:

    This guy is a genius!

    June 26, 2019
    Reply
  2. Casey Sederstrom said:

    I love this, and I don't feeling like doing it for $13.41 and hour. (Preschool teacher)

    June 26, 2019
    Reply
  3. Paolo Tancon said:

    Innovators are creators. Their entire being becomes engaged in the expression of a new understanding, expansion of consciousness, relationship, discovery, insight, vision, and truth.

    June 26, 2019
    Reply
  4. bes1batch1976 said:

    Order creates existence, chaos create Evolution

    June 26, 2019
    Reply
  5. Mary Beth McCabe said:

    Actions are a result of our beliefs and belief systems. Ex. Apple products says Greg. Loyalty is rewarded for showing love to the products.

    June 26, 2019
    Reply
  6. Max said:

    Favorite quote of this talk: 'Without chaos, nothing can evolve.'

    Very interesting talk. I completely agree with him.
    Innovation is complex, but I think he explained well what it is and how it can be achieved.

    June 26, 2019
    Reply

Leave a Reply

Your email address will not be published. Required fields are marked *